၁၃-ဇွန်-၂၀၀၈
မန်မာပြည်တွင်းမှ လက်ရှိမြန်မာနိုင်ငံရေး အဓိပ္ပါယ်ဖွင်ဆိုချက်တခု

- နိုင်ငံတကာသတင်းဆိုသည်မှာ CCTV ကိုဆိုလိုခြင်းဖြစ်သည်။

- အခြားနိုင်ငံမှ မိမိထံလာပါက "ဂါဝရပြုတွေ့ဆုံ"ရန်လာခြင်းဖြစ်ပြီး၊ မိမိကသွားရသူဖြစ်ပါက "သွားရောက် တွေ့ဆုံ" ဟုသုံးစွဲရသည်။
- သတင်းကြော်ငြာနေစဉ် နောက်မှလူတစ်ယောက်စ နှစ်ယောက်စမှအလုပ်ရှုပ်ဟန်ဆောင်ပြရသည်။ (ဥပမာ ကျောပေး၍တောင်ခြစ်မြောက်ခြစ်လုပ်နေရန်)
- နိုင်ငံခြားဇာတ်လမ်းဆိုသည်မှာ "တရုတ်" သို့မဟုတ် "ကိုရီးယား" ဇာတ်လမ်းများကို ကိုဆိုလိုခြင်းဖြစ်သည်။
- နိုင်ငံတော်အကြီးအကဲများသည် "လိုအပ်သည်များကိုဖြည့်စွက် မှာကြား၍ပြန်လည်ထွက်ခွာ" သွားသူ များသာဖြစ်ကြသည်။
- ပြည်သူလူထုဆိုသည်မှာ "အဖြူနှင့်အစိမ်း" သို့မဟုတ် "အဝါရောင်ဝမ်းဆက်" သို့မဟုတ် "အပြာရောင် ဝမ်းဆက်" များသာ ဝတ်ဆင်ကြသည်။
- မြန်မာနိုင်ငံတော်သည် ကြီးမားလွန်းသဖြင့် နေ့မအားညမနား အနှစ်နှစ်ဆယ်နီးပါး တည်ဆောက် သော်လည်း "လမ်း၊တံတားများ ဆောက်၍မကုန်နိုင်။
- နိုင်ငံတော်၏အသုံးစရိတ် နှင့်ရသုံးမှန်းခြေငွေစာရင်း သည်ပြည်သူများအား ထုတ်ပြန်ရန် မလိုအပ်ချေ။ (ဝါ) အသိပေးရန်မလိုအပ်။
- ယင်းသို့မထုတ်ပြန်သော်လည်း လမ်း၊တံတား၊ဆည်မြောင်း များဆောက်လုပ်ရာတွင် နိုင်ငံတော်မှ စေတနာဖြင့် အကုန်အကျခံပေးနေရသည်။
- စစ်သားများပင်ဖြစ်လင့်ကစား နိုင်ငံတော်အကြီးအကဲများ သည် လယ်ယာလုပ်ငန်းမှအစ ပိဋိကတ် သုံးပုံ အဆုံး ကျွမ်းကျင်နှံ့စပ်ကြရာ ဝိနည်းတော်နှင့်အညီ နေထိုင်နိုင်ရန် ရဟန်းများအား ညွှန်ကြားနိုင်သည်။
- မည်သည့်အခါမှ အစိုးရနှင့်ပြည်သူ သဘောထားကွဲလွဲမှုများမရှိသော်လည်း "ပြည်ပအားကိုး ပုဆိန်ရိုး"ဆိုသည့်လူနည်းစု အတွက် မြန်မာ့အသံမှ "စစ်မှန်သောမျိုးချစ်စိတ်ဓာတ်" ဆိုသည့် ဖွင့်ဆိုချက်ကို လွှင့်ထုတ်ပေးနေရသည်။
- နိုင်ငံတော်အကြီးအကဲများ ဘုရားကျောင်းကန်တက်ခြင်း သည် သတင်းထူးဖြစ်သည်။
- ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမ များသည် ပညာရေး၏အရးပါပုံကို မသိကြချေ။ နိုင်ငံတော် အကြီးအကဲများက ရံခါမလပ် ပညာရေးသည်အရေးကြီးသည်ဟုမှာကြားရသည် ဟူ၏။
- အမြဲကြားရလေ့ရှိသည့်စကားလုံးများ"ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့် အချိန်နှင့် တပြေးညီ ဆောင်ရွက်ခြင်း"
- အမြဲ မကြားရ သောစကားလုံးများ" စီးပွားရေးကျဆင်းခြင်း ၊နှောင့်နှေးကြန့်ကြာ သွားခြင်း"
- မေးခွန်းနှင့်အဖြေ မှန်အောင်မဖြေ နိုင်ပါက ပြန်ကြားရေး ဝန်ကြီးဖြစ်နိုင်သည်။ (မှတ်ချက်။ ဥပဓိ ကောင်းရန်မလို။)

"The beauty of life does not depend on how happy you are; But on how happy
others can be because of you..."

The End....


Polaris Burmese Library
#05-12A  Peninsula Plaza
Singapore
(Tel: 63371569)
 

wpe6.jpg (7805 bytes)
Freedom from Fear
Aung San Suu Kyi

 


Singapore Vote NO
Photo Illustration




Photo of the Month
April 2008 by Sg

 


Moemaka.com