|
ပြည်တွင်းစစ် (Rev 2)လား၊ မြေဇာခံမဖြစ်သင့်ပါ
တပ်မတော် အချင်းချင်းတိုက်ခိုက်ကြပြီး ဒီမိုကရေစီနိုင်ငံတော်ကို
စစ်ဗိုလ်ချုပ် အသစ်များနဲ့  ပြည်တွင်းပြည်ပ ခေါင်းဆောင်အားလုံး
ပူပေါင်း တည်ထောင် သွားကြမယ် ဆိုတဲ့ အကောင်းမြင်ဝါဒကို မြန်မာအများစုက
မဖြစ်နိုင်လို့  ပယ်ချ ပစ်လိုက်ပါတယ်။ ပြည်တွင်းမြန်မာတွေက
တကယ်ခံနေရတော့ သူတို့ အတွေးတွေက ပြည်ပက မြန်မာများအတွေးနဲ့ 
တော်တော်လေးကွဲပြားပါတယ်။ အထူးသဖြင့် အမေရိကန်၊ ဥရောပ၊ ဂျပန်တွေက
မြန်မာများက ချပစ်လိုက်ချင်တယ်။ Communist Party, ABSDF ကလည်း
ဘာမှအားမရှိတော့ဘူး။ ပြည်တွင်းက လက်နက်ကိုင် သူပုန်တွေ၊ NLD
ဒေါ်အောင်ဆန်းစုကြည် နဲ့  တခြားနိုင်ငံရေးအင်အားစုတွေလည်း မတတ်နိုင်ဘူး၊
ဘုန်းကြီး၊ ကျောင်းသား၊ အလုပ်သမားတွေနဲ့ လူထုအုံကြွမှုကလည်း အကြောက်
များနေသေးတဲ့ မြန်မာများအတွက် အခြေခံ သိပ်မလုံလောက်သေးဘူး။
ဧရာဝတီတိုင်းဟာ အငြိမ်သက်ဆုံးပြည်နယ်ပဲ။ ကာကွယ်ရေး ဦးစီးချုပ်
ဖြစ်မဲ့ဗိုလ်ချုပ်တွေကို ဧေရာဝတီတိုင်းမှူး အရင်ဖြစ်လေ့ရှိတယ်ဆိုတဲ့
သီအိုရီရှိတယ်။ အဲဒီနေရာမှ ဆိုင်ကလုန်းဖြစ်တော့ ဒုက္ခရောက်တဲ့
ဧရာဝတီတိုင်းသားတွေက ငတ်ပြတ်နေပေမဲ့ ပြန်ချဖို့ စိတ်ရှိမှာ မဟုတ်ဘူး။
စစ်ကိုင်းတိုင်း၊ မုံရွာ၊ ဒီပဲယင်းများ ဒီလိုဖြစ်လို့ လူတွေ သိန်း၊သန်း
ဒုက္ခရောက်ရင်တော့ ငတ်ပြတ်တဲ့အတူ ပြန်ချကြမလားလို့  တွေးမိတယ်။
တိုက်ခိုက်မယ်ဆိုရင် ပြည်ပက မြန်မာခေါင်းဆောင်ကောင်းရှိသလား။
အမေရိကန်အကူအညီနဲ့  ဒုတိယကမ္ဘာစစ်မတိုင်မှီ ရဲဘော်၃ကျိပ်ဝင်သလို
မြန်မာပြည်ထဲ တိတ်တိတ်ဝင်လာနိုင်ရင်မကောင်းဘူးလား စဉ်းစာသူက
စဉ်းစားပါတယ်။ တချို့ ကလည်း စစ်သား အားလုံးနီးပါးဟာ Brain Wash
လုပ်ခံထားရတော့ လက်ရှိစနစ် စစ်တပ်အုပ်ချုပ်တာပဲ အကောင်းဆုံးထင်နေကြတယ်။
ဒါကြောင့် စစ်တပ်က မကြေမနပ် ပေါက်ကွဲပုန်ကန်၊ အာဏာသိမ်း ဆိုတာ လုံးဝ
မဖြစ်နိုင်ဘူးလို့  ပြောတယ်။ စကားပုံရှိပါတယ် - Nothing is impossible
တဲ့။ အုန်းကျော်မြင့်လိုအုပ်စု ပေါ်လာပြီး အောင်မြင်စွာ
အာဏာသိမ်းခြင်းနည်းနဲ့  လစ်ဗျားက ကဒါဖီတို့  လုပ်ခဲ့ဖူးပါတယ်။
အင်ဒိုနီးရှားက ဆူဟာတိုတို့ လဲ ဒီနည်းနဲ့ တက်လာခဲ့တယ်။ တကယ်လုပ်မဲ့သူဟာ
စကားများမနေဘူး - ကျိတ်လုပ်ကြတယ်။
မုန်တိုင်းကယ်ဆယ်ရေးအတွက်တော့ ကုလသမဂ္ဂအကြီးအကဲ မစ္စတာ ဘန်ကီမွန်က
မြန်မာအစိုးရကို အသက်ကယ်ရေးကို ဦးစားပေးသင့်တယ်။
နိုင်ငံရေးခဏဆိုင်းထားဖို ပြောပြီး မြန်မာပြည်ကိုသွားဆွေးနွေးတော့မယ်။
မုန်တိုင်းအပြီး ၁၈ ရက်လောက်ကြာတော့ နိုင်ငံတကာ ဖိအားကြောင့်
နိုင်ငံခြားသားတွေကို ဗီဇာထုတ်ပေးပြီး ဘိုကလေး၊ လပွတ္တာ စတဲ့ မြို့တွေ
ကိုလည်း သွားခွင့်ပေးနေပြီသိရတယ်။
နိုင်ငံခြားက လာကူသူတွေကို လက်ခံမယ်၊ စစ်လေယာဉ်၊ စစ်သင်္ဘောတွေတော့
မလာရဘူးဆိုတာကြောင့် ကမ်းခြေနဲ့  ၁၂ မိုင်လောက်မှာ
ကယ်ဆယ်ရေးပစ္စည်းတွေနဲ့  အသင့်ရှိနေတဲ့ အမေရိကန် USS Essex နဲ
့အင်္ဂလိပ်၊ပြင်သစ် စစ်သင်္ဘောတွေဟာ အခက်အခဲဖြစ်နေဆဲပါပဲ။ အရပ်သား သင်္ဘော နဲ
့ ဟယ်လီကော်ပတာတွေတော့ အိုကေလို့  သန်းရွေက ဘန်ကီမွန်ကိုပြောတယ် လို့ 
၂၃-မေ သတင်းရတယ်။ မဆိုးပါဘူး - ပွင့်လာတဲ့သဘောပါပဲ။ ပထမပိုင်းသော့ ပြည်တွင်းက
မြန်မာတွေတောင် သွားလို့ မရဘူး။ အရှေ့ တောင်အာရှမှာ အလုပ်သွားလုပ်တဲ့
မြန်မာတွေ အများကြီး ကိုယ်ထူကိုယ်ထ မြန်မာပြည်ပြန်ပြီး ကူညီကြတယ်။
စစ်အစိုးရရဲ့  ကြံ့ဖွတ် တပ်ဖွဲ့ ကတော့ အမေရိကန်လေယာဉ်တွေနဲ့ 
ချပေးတဲ့ကယ်ဆယ်ရေးပစ္စည်တွေ တချောင်းချောင်းရောင်းစားလို
့တအားကောင်းပေါ့။ ဥာဏ်ပညာရှိသူများ (လောကီ၊ လောကုတ္တရာပညာ)စစ်အစိုးရနဲ့ 
ဝေးဝေးနေချိန် ပညာနဲသူ ကြံ့ဖွတ်ထဲဝင် မွှေရမ်းနေတော့၊ တောမီးလောင် -
လက်ခမောင်းခတ်တဲ့ တောကြောင်ထက်ဆိုးတဲ့ ဘလူး၊သရဲတွေလား မသိတော့ပါဘူး၊
တရုပ် နဲ့  အိန္ဒိယ နိုင်ငံကြီး ၂ခု ကြားက မြန်မာပြည်ကို၊ တရုပ်က
စီးပွားရေးအပြင် သေနင်္ဂဗျုဟာကျတဲ့ နေရာအဖြစ်မြင်တယ်။ အိန္ဒိယကလည်း
စီးပွားရေး၊ နိုင်ငံရေး အမြက်ထုတ်ချင်တယ်။ ပြင်သစ်က ဘီလျံနဲ့ ချီတန်တဲ့
သူ့ ရဲ့ စစ်ပစ္စည်းတွေ ရောင်းဖို့ နည်းလမ်းရှာစဉ်မှာ ရုရှားကြီးက
ညူကလီယာ၊ တိုက်လေယာဉ်တွေ ရောင်းပြီးသွားပြီ။ အမေရိကန်ကတော့ တရုပ်နဲ့ 
ပေါ်လတစ်ကစားတဲ့အချိန်မှာ မြန်မာပြည်သူများ ကြားက အလူးအလဲခံနေရတယ်။
ထိုင်နိုင်ငံက မြန်မာကို ကြောက်မုန်းပေမဲ့ ဓါတ်ငွေ့ ရောင်းတာက
အမြက်ထွက်နေပြီ။ လာမဲ့ ကုန်စည်၊ ဓါတ်ငွေ့ တွေလည်း အများကြီးရှိသေးတော့
မသိသလိုနေတယ်။ စင်ကာပူကတော့ ပြောစရာမလိုပါဘူး။ ဗိုလ်ချုပ်ကြီးများ နဲ့ 
ဆွေမျိုးများရဲ့  ကျန်မာရေး၊ ငွေကြေးလက်ခံ၊ သူတို့ သားသမီးများရဲ့
ပညာရေး စသည်တို့ ကို ခပ်တည်တည်နဲ့  ဒီမိုကရေစီလိုလားသလို ဟန်ဆောင်ပြီး
အုပ်စားနေတယ်။ မလွယ်ပါဘူး။
တရုပ်အိုလံပစ်ရှိနေသေးတော့ တရုပ်အစိုးရက အနောက်နိုင်ငံတွေဘက်က
ယိမ်းပေးနေပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေကို ဖိအားပေးနေတယ်။
မြန်မာဆိုတာ ရာဇ၀င်နဲ့ နေတာ။ တရုပ်တပ်တွေကိုတောင် ဟိုးရှေးရှေးတုံးက 18
Century ကျူးကျော်စစ်ကို ၃ ကြိမ်တိုင်အောင် တိမ်ကြားမင်းခေါင်တပ်များနဲ
့ အနိုင်ယူခဲ့တယ်။ အခုလဲ အမေရိကန်သမ္မတ George Bush တောင်လက်မှိုင်ချရတာ
ဘယ်သူပြောပြောနားထောင်မှာမဟုတ်ဘူး။ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်
ရေတပ်တွေကတော့ ကယ်ဆယ်ရေးအကြောင်းပြပြီး မြန်မာကမ်းရိုး
ဧရာဝတီမြစ်ဝကျွန်ပေါ်အနား ၁၂ မိုင်အ့ကွာရောက်နေပြီ မြန်မာကို
ဖိအားပေးနေပါတယ်။ တရုပ်ရဲ့ ညာလက်ရုံး မြောက်ကိုးရီးယားက
အနုမြူဗုံးဖေါက်ပြသလို ဘယ်လက်ရုံးကလည်း ဖိအားပေးရင် ရွဲ့ ပြီး ကုလသမဂ္ဂ
ကတောင် ထွက်ဖို့ ဝန်လေးမှာမဟုတ်ဘူး။ ဒီတော့ ပြည်သူတွေပဲ ရက်စက်စွာ
နာဇီစစ်အစိုးရလို ကိုယ်သမီးကိုယ် မတရားလုပ်တဲ့ ဖခင် ပိတ္တာ၊ ဘလူး၊
သရဲကို ဒီအတိုင်းစောင့်ကြည့်လို့ တော့ မဖြစ်တော့ဘူး။
တရုပ်၊ရုရှား တို့ ကတဖက်၊ အမေရိကန်နဲ့ အင်္ဂလိပ်၊ပြင်သစ်တို့ ကတဖက်
အင်အားပြိုင်တဲ့နေရာမှာ မြေဇာခံအဖြစ် ကိုးရီးယား(၁၉၅၀)၊ ဗီယာက်နမ်
(၁၉၇၀) တို့  ဖွတ်ဖွတ်ကြေခံခဲ့ပြီးပါပြီ။ စူပါပါဝါတွေ
အင်အားပြိုင်တဲ့နေရာမှာ မြန်မာပြည်ကအာဏာရူးတဲ့ စစ်အစိုးရ
မပြောင်းလဲနိုင်ရင်တော့ ပြည်တွင်း မြန်မာနိုင်ငံသားတွေ
မြေစာပင်လို ဖွတ်ဖွတ်ကျေ ခံရမယ်၊ ပြည်ပမြန်မာများကတော့
အရှက်တကွဲဖြစ်ရမယ်။ စစ်ခေါင်းဆောင်များ အုပ်စုလိုက်ခေါင်းမာနေရင်တော့
လစ်ဗျားသမ္မတ ကဒါဖီ၊ အီဂျစ်သမ္မတနာဆာ တို့ လို လူငယ်ဗိုလ်ချုပ်များ
အာဏာသိမ်းပွဲဖြစ်လာရင် ဒီမိုကရေစီသားများ အမြန်ပူပေါင်းဖို့ လိုပါမယ်။
လောလောဆယ်တော့ ပြည်ပရောက်မြန်မာများ မြန်မာပြည်ဝင်ကြ။ ကယ်ဆယ်ရေးလုပ်ရင်း ဒီမိုကရေစီအရေး
ပြောပြ။ လူမှုရေး၊ ဘာသာရေး သီးသန့် ကလေးလုပ်ချင်ပြီး
မြန်မာပြည်ပြန်တဲ့လူတွေကိုလည်း
“ပြသနာအရင်းက စစ်အာဏာရှင်ပဲ”
ဆိုတာသိအောင်ပြောပြပါ။ အလှူငွေရရင်လဲ့ ဒီမိုကရေစီလုပ်သူများကို
(ကျော်သူ၊ ဇာကနာ၊ သီသဂူဆရာတော်၊ NLD ကယ်ဆယ်ရေးအဖွဲ့  စသည်တို့ ကို ကူညီဖို့ မမေ့ပါနဲ
့။ သူတို့ ငွေလက်ခံဌာနကို သွားပေးပစ်လိုက်ပါ။ ကျော်သူလက်ထဲရောက်မှ၊
ဇာကနာလက်ထဲရောက်မှ ။ နိုင်ငံခြားကနေ တယ်လီဖုန်းစင်တာတခုလုပ်ပြီး စစ်အစိုးရခေါင်းဆောင်မိသားစုထံကို
ချိုသာစွာ လှမ်းပြီး - မေးမြန်းဖို့ ကောင်းနေပါပြီ။ ဆဲချင်တဲ့လူတွေလဲ -
တယ်လီဖုန်းနဲ့ ဆဲပေါ့။ ဘာပဲဖြစ်ဖြစ် ဘုန်းကြီးတွေ သတ်ဖြတ်တဲ့ ၂
နိုင်ငံကိုတော့ သဘာဝဘေးအန္ဒရယ်နဲ့  အချက်ပြ လှန့် နှိုးပြီးပါပြီ၊
နောင်တမရရင်တော့ ပိုဆိုးတဲ့ ပြဿနကြီး လာတော့မှာပဲလို့ ထင်ပါတယ်။
ဝတ်မှုန်
၂၃-မေ-၂၀၀၈
|

#05-12A Peninsula Plaza
(Tel: 63371569)

FREEDOM FROM FEAR

Singapore Vote NO
Photo Illustration

Photo of the Month
April 2008 by Sg

Moemaka.com |