ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နေ၀င်ချိန် နီးလာပြီ ဧရာဝတီ | ဇွန် ၃၊ ၂၀၀၈

Than Shwe’s Days Are Numbered နှင့်ယဉ်တွဲဖတ်ရှုကြပါ။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် "လူသားမျိုးနွယ်တို့အပေါ် ရာဇ၀တ်မှုကြီး ကျူးလွန်" ခဲ့ပြီဟု စွပ်စွဲ နေကြသည်။ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ နာဂစ်မုန်တိုင်းဒဏ်သင့်အပြီး ထောင်ပေါင်းများစွာသော ဒုက္ခသည်များ ကို ကူညီရန်အတွက် နိုင်ငံတကာမှ ကမ်းလှမ်းချက်များကို ပယ်ချအပြီး ထိုကဲ့သို့ စွပ်စွဲခံရခြင်း ဖြစ်ပေသည်။
မုန်တိုင်းအပြီး တလခန့်ကြာမြင့်လာခဲ့သော်လည်း အရေးပေါ်အကူအညီများသည် အသက်ရှင်ကျန်ရစ်ရသူ ဒုက္ခသည် အများ အပြားထံသို့ မရောက်ရှိ နိုင်သေးဘဲ ဖြစ်နေသည်။ တချိန်တည်းတွင် အကူအညီပစ္စည်း အနည်းငယ်သာ လက်ခံ ရရှိခဲ့သော ဒုက္ခသည်များအား ၎င်းတို့ ယာယီခိုလှုံနေထိုင်ရာ နေရာများမှ မုန်တိုင်းကြောင့်ပျက်စီးသွားခဲ့သော မူရင်း ကျေးရွာများသို့ ပြန်ရန် အာဏာပိုင်များမှ ဖိအားပေးနေသည်ဟုလည်း သတင်းများက ထွက်ရှိလာခဲ့သည်။ ပြီးခဲ့သော သောကြာနေ့က အစိုးရ ဆောက်လုပ်ပေးထားသော ယာယီဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်နေသည့် ဒုက္ခသည် များအား မူရင်းကျေးရွာ များသို့ အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခြင်း ပြုလုပ်ခဲ့သည်ဟု ကုလသမဂ္ဂတာဝန်ရှိ ၀န်ထမ်းများက အတည်ပြု ပြောဆို ခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

ဒုက္ခသည်များအား ထိုသို့အတင်းအဓမ္မပြန်လည် ပို့ဆောင်ရန် နေပြည်တော်တွင် ရုံးစိုက်နေထိုင်သော ဗိုလ်ချုပ်သန်းရွှေမှ တိုက်ရိုက် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကြောင့် အကူအညီပေးရေးလုပ်ငန်းများ စမည်မကြံရသေးခင်မှာပင် အကြီးအကျယ် အခက်အခဲတွေ့ ကြန့်ကြာစေခဲ့ရသည်။
လတ်တလောနေပြည်တော်တွင် ကျင်းပခဲ့သည့် ၀န်ကြီးအဖွဲ့ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမှ ၀န်ကြီးများနှင့် စစ်တပ် ခေါင်းဆောင်များအား တပ်မတော်သည် မြစ်ဝကျွန်းပေါ်တွင် ဖြစ်ပျက်ခဲ့သော သဘာဝကပ်ဘေးအား ကိုယ့်အားကိုယ်ကိုး၍ ဖြေရှင်းနိုင်သော စွမ်းရည်ရှိသည်ဟု မြွက်ကြားခဲ့သည်။ နိုင်ငံတကာမှ အကူအညီများကို လက်ခံရန်လိုလားသော ထိပ်ပိုင်း စစ်ခေါင်းဆောင် အချို့အနေဖြင့် ခေါင်းမာလွန်းလှသည့် သူတို့ဗိုလ်ချုပ်မှူးကြီး၏ ဆုံးဖြတ်ချက်ကြောင့် အလွန်အမင်းစိတ် ပျက်သွားခဲ့ကြရကြောင်းလည်း သိရှိရသည်။
အဆိုပါ ၀န်ကြီးများ အစည်းအဝေးအပြီး ကောလဟာလသတင်းတခုလည်း ထွက်ပေါ်လာခဲ့သည်။ ဗိုလ်ချုပ်သန်းရွှေ၏ သစ္စာခံ ၀န်ကြီးများ၊ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့မိသားစုဝင်တို့က မြို့တော်ကို နေပြည်တော်သို့ ရွှေ့ပြောင်းခဲ့သည့် ဆုံးဖြတ်ချက်ကြောင့် မုန်တိုင်းဘေးမှ ကင်းဝေးခဲ့ရသည့်အပေါ် ဗိုလ်ချုပ်မှူးကြီးကို အမျှော်အမြင်ကြီးပါ ပေ့ဟု ဂုဏ်ပြုသည့် အခမ်းအနားတခု ကျင်းပခဲ့ကြသေးသည်ဟု သတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
၂၀၀၅ ခုနှစ်တွင် မြို့တော်ကို ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ရာတွင် မည်သည့်အတွက်ကြောင့် ပြောင်းရွှေ့ခဲ့ရသည် ကို စစ်အစိုးရက ရှင်းလင်းစွာ ဖော်ပြပြောကြားခဲ့ခြင်း မရှိပေ။ ယခုအချိန်တွင် ဗိုလ်ချုပ်သန်းရွှေနှင့် မိသားစုဝင်များကတော့ မုန်တိုင်းဘေးမှ ကင်းဝေးခဲ့ရပါသည်။ သို့သော် မြစ်ဝကျွန်းပေါ်တွင် မုန်တိုင်းဒဏ်ခံအပြီး ပျက်စီးရမှုများနှင့် လူထုအများ ခံစားနေကြရသည့် နောက်ဆက်တွဲ ပေါ်ပေါက်လာသည့် ဆိုးကျိုးများကို ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့မှုအတွက်တော့ ဗိုလ် ချုပ်မှူးကြီး၏ အာဏာပိုင်စိုးမှု အတွက် စိုးရိမ်ဖွယ်ပင် ဖြစ်သည်။ ဤသို့ ပြောင်းရွှေ့၍ သဘာဝဘေး ကင်းဝေးရုံဖြင့်တော့ အေးချမ်းနိုင်လိမ့်မည် မဟုတ်ပါ။
ယခုမုန်တိုင်းဖျက်ဆီးလိုက်သော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံ၏ ထမင်းအိုးဟု ဆိုပါကလည်း မမှားပေ။ စပါး အဓိကထွက်ရှိရာဒေသ ပျက်စီးသွားခြင်းသည် စီးပွားရေးအရ တိုင်းပြည်အတွင်း အခြားသော ထပ်မံဆုံးရှုံးမှုများကို ဖြစ်စေနိုင်ပါသည်။ ဆင်းရဲတွင်း ပိုမိုနက်ရှိုင်းလာခြင်းနှင့်အမျှ မြစ်ဝကျွန်းပေါ်ဒေသတွင်း၌ ရောဂါဘယများ ထူပြောကျ ရောက်လာခြင်းနှင့် တဆက်တည်းပင် မကြာခင်ကာလ၌ တိုင်းပြည်အတွင်း သေရေးရှင်ရေးတမျှ အရေးပေါ်သည့် အခြေအနေများ ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။
မုန်တိုင်းအပြီး တလအကြာကာလတွင် သက်ရှင်ကျန်ရစ်ရသူများသည် ဗိုလ်ချုပ်သန်းရွှေ ကယ်တင်ခဲ့၍ ကျန်ရစ်သူများ မဟုတ်ပေ။ ထိုသူတို့ကို ကူညီကယ်တင်ခဲ့သူများမှာ မြန်မာပြည်၏ ရဟန်းသံဃာတော်များ၊ တက်ကြွလှုပ်ရှားသူများ၊ ဒေသ ခံလူမှုရေး အဖွဲ့အစည်းများ၊ ဒေသခံ အန်ဂျီအိုများနှင့် နာမည်ကြီး အနုပညာသည်များသာ ဖြစ်ကြပါသည်။ ထိုသူများက စားရေရိက္ခာများ၊ ငွေကြေးများနှင့် လိုအပ်သော ပစ္စည်းအမျိုးမျိုးတို့ ဖြန့်ဝေပေးခြင်းဖြင့် ကူညီခဲ့ကြသည်။ ထိုသူများကား မြန်မာပြည်အတွက် မှတ်တမ်းတင်ထိုက်သည့် သူရဲကောင်းများ ဖြစ်ကြသည်။
ဝေးကွာလှသည့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်များမှ ပြည်သူများကလည်း မြစ်ဝကျွန်းပေါ်အထိ ခရီးထွက်လာခဲ့ကြပြီး ၀ိုင်းဝန်း ကူညီကြသည်။ အဝေးရောက် မြန်မာ အဖွဲ့အစည်းများမှလည်း အလှူငွေများကောက်ခံကာ ဒေသခံလူမှုရေး အဖွဲ့အစည်းများသို့ ပေးပို့လှူဒါန်း ကူညီခဲ့ကြသည်။ ခရစ်ယာန်ဘုရားကျောင်းများနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း များ လက်ချင်းတွဲ၍ ဒုက္ခသည်များအတွက် ကူညီကြသည်။ ထိုင်းနှင့် မြန်မာ ကျန်းမာရေးလုပ်သားများ အတူပူးပေါင်း၍ ဒုက္ခသည်များအတွက် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများနှင့် လယ်သမားများအတွက် စပါးမျိုးစေ့များ ကိုလည်း ဖြန့်ဝေ ကူညီပေးခဲ့ကြသည်။
ထိုသို့လူတန်းစားမျိုးစုံမှ ဒုက္ခသည်များကို တတ်အားသရွေ့ ကူညီနေချိန်တွင် စစ်အစိုးရ သတင်းစာများမှ လယ်သမား များအနေဖြင့် ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးရန် လိုကြောင်း၊ လယ်ထဲတွင်ပေါက်သော သဘာဝဟင်းသီးဟင်းရွက် များနှင့် ဖား ငါးများ ရှာဖွေစားသောက်၍ နေနိုင်ကြောင်း ရေးသားပါသည်။ ကမ္ဘာတ၀ှန်းလုံးရှိ လူပရိတ်သတ်အပေါင်းက တော့ စိတ်ပျက်စွာ ခေါင်းရမ်း၍ မြန်မာ စစ်ဗိုလ်ချုပ်များ၏ စိတ်ကူးစိတ်သန်းများကို ထူးထွေအံ့သြ နေကြရပါသည်။
အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်က အခုလို ပြောကြားခဲ့သေးသည်။ " အခုမုန်တိုင်းကိစ္စနဲ့ ပတ်သက် ပြီး နိုင်ငံတကာ မိသားကနေ တင်ပြတောင်းဆိုနေတာကို ကျနော်တို့ ကြားသိနေရပါတယ်။ ကျနော်တို့ဟာ ဆွံ့အနားမကြားတဲ့ သူတွေ မဟုတ်ပါဖူး။ ဆွံ့အချင်ယောင်ဆောင်နေသူကတော့ မြန်မာစစ်အစိုးရသာ ဖြစ်ပါတယ်။ ကျနော်တို့က ကမ်းလှမ်းပေမဲ့ သူတို့ဖက်က တုတ်တုတ်တောင် မလှုပ်ပါဖူး " ဟု ဆိုခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးက အဆိုပါမှတ်ချက်ကို မေလ ၃၀ မှ ဇွန်လ ၁ ရက်နေ့အထိ စင်္ကာပူနိုင်ငံတွင် ကျင်းပ ပြုလုပ်သော အာရှလုံခြုံရေး အစည်းအဝေးပွဲကြီးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ အကူအညီပေးမည့် နိုင်ငံတကာအဖွဲ့ အစည်းများကို မြန်မာပြည်အတွင်း လာရောက်နိုင်ရန် စစ်အစိုးရက ငြင်းပယ်နေသည့်အပေါ် အမေရိကန် ကာကွယ်ရေး ၀န်ကြီးအနေဖြင့် အထူးစိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ရသည်။ ကယ်တင်ရေးပစ္စည်းများ တင်ဆောင်လာသည့် အမေရိကန်၊ ဗြိတိသျှနှင့် ပြင်သစ် စစ်သင်္ဘောများကို မြန်မာရေပိုင်နက်အနီးတွင် ကျောက်ချရပ်နားထား၍ စောင့်ဆိုင်းနေကြသော်လည်း မြန်မာစစ်အစိုးရက ၀င်ခွင့်မပြုခဲ့ပေ။
နောက်ဆုံးတွင် ပြင်သစ်စစ်သင်္ဘောက နောက်ကြောင်းပြန်လှည့်သွားကြရ၍ အမေရိကန် စစ်သင်္ဘောများအနေဖြင့်လည်း မြန်မာစစ်အစိုးရက ၀င်ခွင့်မပြုပါက နောက်ကြောင်း လှည့်ပြန်ရန် ကိန်းဆိုက်နေသည်။
မြန်မာစစ်အစိုးရသည် ဆိုင်းငံ့ထားသော ဗီဇာလျှောက်ထား သူ ကုလသမဂ္ဂ ကူညီရေးဝန်ထမ်းများအတွက် ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးရန် အတည်ပြုခဲ့သည်ဟု ဆိုသည်။ သို့သော် လည်း အတွေ့အကြုံနှင့် နည်းပညာ အဆင့်မြင့်သော နိုင်ငံတကာ အဖွဲ့အစည်းများ ရာနှင့်ချီ၍ မကြာခင်အတွင်း မြန်မာ နိုင်ငံသို့ ၀င်ရောက်လာခြင်း မဟုတ်ပါ။ အမှန်တကယ် ဗီဇာရသူ အရေ အတွက်မှာ ၄၅ ဦးသာ ရှိပါသည်။
ဗိုလ်ချုပ်သန်းရွှေသည် လူသားမျိုးနွယ်တို့အပေါ် အမှန်တကယ်ပင် ရာဇ၀တ်မှုများ ကျူးလွန်နေသူ ဖြစ်သည်။ ပြည်တွင်း ပြည်ပ တွင်းရှိနေသော မြန်မာ့ဒီမိုကရေစီ အဖွဲ့အစည်းများအနေဖြင့် သန်းရွှေစစ်အုပ်စုအား ဖယ်ရှားရန်အတွက် ပိုမိုကောင်း မွန်သည့် ဗျူဟာများ ချမှတ်လုပ်ဆောင်ရန် အချိန်တန်ပေပြီ။ အာဏာရှင် ဗိုလ်ချုပ်ကြီးသန်းရွှေကို ဖြုတ်ချရန် နောက်ထပ် နည်းလမ်းတခု ရှိသေးကြောင်း ပြသနိုင်ရန် လိုအပ်နေပါသည်။
နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများ အနေဖြင့် စစ်အစိုးရအပေါ်ဆက်လက်၍ ဖိအားများပေးနေရန်လည်း လိုအပ်ပါသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှ ဒုက္ခသည်များကို ဆက်လက်ကူညီရန် လိုအပ်ပါသည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် လည်း တသံတည်း တညီတညာ ဆောင်ရွက်ဖို့ လိုပါသည်။ ဗိုလ်ချုပ်သန်းရွှေ၏ စစ်အုပ်စုကား ရေရှည် သက်ဇိုးရှည်နိုင် တော့မည် မဟုတ်။
အာဏာရှင် ဗိုလ်ချုပ်သန်းရွှေ မရှိတော့ပါက ကျွန်ုပ်တို့ အနေဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်ပြီး မြန်မာ ပြည်သစ် ကိုလည်း ပြန်လည်တည်ဆောက်နိုင်မည် ဖြစ်ပါသတည်း။
ဧရာဝတီမဂ္ဂဇင်း၏ အွန်လိုင်း အယ်ဒီတာအာဘော် Than Shwe’s Days Are Numbered ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။

Witmone 19-May-2008


#05-12A  Peninsula Plaza
(Tel: 63371569)
 

wpe6.jpg (7805 bytes)
FREEDOM  FROM  FEAR

 


Singapore Vote NO
Photo Illustration




Photo of the Month
April 2008 by Sg

 


Moemaka.com